JFF Theater

သင်သည် ဗီဒီယိုကို ကြည့်ရှုရန်အတွက် အကောင့်ထဲဝင်ရန် လိုအပ်သည်။

ဤဗီဒီယိုကို ကြည့်ရှု၍ မရရှိနိုင်သေးပါ။

ဤဗီဒီယိုကို ကြည့်ရှု၍ မရနိုင်တော့ပါ။

ဤအကြောင်းအရာသည် သင့်နယ်မြေဒေသတွင် ကြည့်ရှု၍ မရနိုင်ပါ။

ဤအလုပ်ကို Nihongo Partners မှသာ ကြည့်ရှုနိုင်ပါသည်။

The Zen Diary

土を喰らう十二ヵ月

2022111minဇာတ်လမ်းတွဲ၊ ဂျပန်ယဉ်ကျေးမှု

မလုပ်မီမဆုံးဖြတ်မီအချို့အချက်များကိုစဥ်းစားရန်သတိပေးခြင်းအရက်သောက်ခြင်း

တိုက်ရိုက်ထုတ်လွှင့်သည့်ကာလ
[JST] 2025/08/01 11:00:00 - 2025/10/31 11:00:00

ဗီဒီယိုအချက်အလက်

ဇာတ်လမ်း

တောင်ပေါ်အိမ်လေးတွင် တစ်ကိုယ်တည်း နေထိုင်သော စာရေးဆရာတစ်ဦးရှိသည်။ သူသည် ဇန်ဘုန်းကြီးကျောင်းမှ သင်ယူခဲ့သည့် ဟင်းချက်နည်းအတိုင်း ချက်ပြုတ်စားသောက်ရင်း သဘာဝ၏ အသီးအပွင့်များကို ခံစားလျက်ရှိသည်။ လေးရာသီအလှကို နောက်ခံကာ တင်ဆက်ထားသော ဤဇာတ်လမ်းသည် ချမ်းသာမှု အစစ်အမှန်ကို ဖော်ထုတ်ပြသထားသည်။


ဆုတိုမု (ဆဝဒ ခန်းဂျိ)သည် အသက်ရနေပြီဖြစ်သော စာရေးဆရာဖြစ်ပြီး တောင်ပေါ်အိမ်လေးတစ်လုံးသို့ ပြောင်း‌ရွှေ့နေထိုင်ကာ တိုကျိုမြို့ အနောက်ဘက်၊ လှပသော တောင်တန်းများရှိသည့် နဂနို စီရင်စုအကြောင်း ဆောင်းပါးများ ရေးသားလျက်ရှိသည်။ သူကြီးပြင်းခဲ့ရာ ဇန်ဘုန်းကြီးကျောင်းမှ ဘုန်းတော်ကြီး၏ ချက်ပြုတ်နည်းအတိုင်း ရိုးရှင်းသော ဟင်းလျာများကို နေ့စဉ်နေ့တိုင်း အချိန်ပေး၍ ချက်ဖြစ်သည်။ သူကိုယ်တိုင်စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များကို ခူးယူပြီး ချက်ပြုတ်စားသောက်လျက်ရှိသည်။ အယ်ဒီတာ မချိကို (မဆု တခကို)သည် တိုကျိုမှ ဆုတိုမုရှိရာသို့ တစ်လတစ်ကြိမ် လာလည်ပြီး ဆုတိုမုလက်ရာ ကိုလည်း နှစ်ခြိုက်သူဖြစ်သည်။ ဤဇာတ်လမ်းသည် နေ့ရက်တိုင်း သဘာဝကို တန်ဖိုးထားပြီး ဟင်းလျာများ ချက်ပြုတ်ရင်း မိမိလက်ရာကို အတူဝေမျှ စားသုံးနိုင်ခြင်းအပေါ် ကျေနပ်ဝမ်းသာနေသည့် အမျိုးသားတစ်ဦး၏ ဘဝမှတစ်ဆင့် မိမိဘဝကို သတိမူကာ ဖြတ်သန်းနိုင်မည့် နည်းလမ်းအသွယ်သွယ်ကို ဖော်ပြထားသည်။ လူ့ဘဝ၏ ချမ်းသာမှုအစစ်အမှန်ကိုလည်း အဖြေရှာထားသည်။

၁၉၆၀-၇ဝ ခုနှစ်များက နာမည်ကြီး စာရေးဆရာ မိဇုခမိ ဆုတိမု၏ ကိုယ်ပိုင်အတွေ့အကြုံများပါဝင်သည့် ဆောင်းပါးကို အခြေခံ၍ ရိုက်ကူးထားသော ရုပ်ရှင်ဖြစ်သည်။ ဇန်ဘုန်းကြီးကျောင်း ဟင်းလျာများကို လှပသေသပ်စွာ ဖန်တီးထားသူမှာ နာမည်ကြီး စားဖိုမှူး ဒိုအိ ယိုရှိဟရုဖြစ်သည်။ ဆုတိုမုအဖြစ် ဂျပန်၏ နာမည်ကျော် ပေါ့ပ်စတား ဆဝဒ ခန်းဂျိက ပါဝင်သရုပ်ဆောင်ထားသည်။ ဆုဇုခိ ဆဲအိဂျွန်းကဲ့သို့ နာမည်ကြီး ဒါရိုက်တာများ၏ ရုပ်ရှင်များတွင် အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီး အောင်မြင်သော အနုပညာလမ်းကြောင်းကို လျှောက်လှမ်းနေသည့် သရုပ်ဆောင်တစ်ဦးဖြစ်သည်။

မှတ်ချက်များ

မှတ်ချက်များ မရှိသေးပါ။

ဤဇာတ်ကားအပေါ် ပထမဆုံးမှတ်ချက်ပေးသူ ဖြစ်လိုက်ပါ။

မှတ်ချက်ပေးရန် ကျေးဇူးပြု၍ အကောင့်ထဲဝင်ပါ။

မှတ်ချက်များ

သင်၏မှတ်ချက်ကို ဝဘ်ဆိုက်ပေါ်တွင် တင်ပါမည်။ သို့သော်လည်း သင့်မှတ်ချက်သည် မသင့်လျော်ပါက သင့်မှတ်ချက်ကို ဖယ်ရှားပိုင်ခွင့် ရှိပါသည်။ သင့်မှတ်ချက်ကို မတင်ပြမီ အသုံးပြုမှုစည်းမျဉ်းများ အပိုဒ် ၅ကို ဖတ်ပါ။

ပို့စ်တင်ပြီးပါပြီ

သရုပ်ဆောင်နှင့် အဖွဲ့သားများ

  • သရုပ်ဆောင်

    SAWADA Kenji, MATSU Takako

  • ဒါရိုက်တာ

    NAKAE Yuji