JFF Theater

သင်သည် ဗီဒီယိုကို ကြည့်ရှုရန်အတွက် အကောင့်ထဲဝင်ရန် လိုအပ်သည်။

ဤဗီဒီယိုကို ကြည့်ရှု၍ မရရှိနိုင်သေးပါ။

ဤဗီဒီယိုကို ကြည့်ရှု၍ မရနိုင်တော့ပါ။

ဤအကြောင်းအရာသည် သင့်နယ်မြေဒေသတွင် ကြည့်ရှု၍ မရနိုင်ပါ။

ဤအလုပ်ကို Nihongo Partners မှသာ ကြည့်ရှုနိုင်ပါသည်။

I am what I am

そばかす

2022104minဇာတ်လမ်းတွဲ, LGBTQ+

မလုပ်မီမဆုံးဖြတ်မီအချို့အချက်များကိုစဥ်းစားရန်သတိပေးခြင်းအရက်သောက်ခြင်း ဆေးလိပ်သောက်ခြင်း LGBTQ+

တိုက်ရိုက်ထုတ်လွှင့်သည့်ကာလ
[JST] 2025/02/01 11:00:00 - 2025/05/01 11:00:00

  • အထူးတင်ဆက်မှုများ

    Bridges Between Hearts

  • အသံ

    Japanese

  • စာတန်းထိုးများ

    Español (Latinoamérica)၊    English၊    ဗမာစာ၊    Français၊    Deutsch၊    Magyar၊    Bahasa Indonesia၊    Italiano၊    Bahasa Melayu၊    Português၊    简体中文၊    ไทย၊    Tiếng Việt

ဗီဒီယိုအချက်အလက်
  • အထူးတင်ဆက်မှုများ

    Bridges Between Hearts

  • အသံ

    Japanese

  • စာတန်းထိုးများ

    Español (Latinoamérica)၊    English၊    ဗမာစာ၊    Français၊    Deutsch၊    Magyar၊    Bahasa Indonesia၊    Italiano၊    Bahasa Melayu၊    Português၊    简体中文၊    ไทย၊    Tiếng Việt

ဇာတ်လမ်း

“ငါ့ရဲ့ ပျော်ရွှင်မှုက ငါပဲ” ဆိုပြီး အချစ်ကို စိတ်မဝင်စားတဲ့ အမျိုးသမီးတစ်ဦး။ လူအများ၏ အမြင်ကို မမှုပဲ မိမိ၏ ဘဝကို လွတ်လပ်စွာနေရန် ကြိုးပမ်းနေသည့်အကြောင်း ရိုက်ကူးထားသည့်ရုပ်ရှင်ဖြစ်သည်။

ခဆုမိသည် အသက် ၃ဝ ရှိပြီဖြစ်ပြီး ပရော်ဖက်ရှင်နယ် ချယ်လိုတီးသူ ဖြစ်ချင်သည့် အိပ်မက်ကို စွန့်လွှတ်လိုက်ကာ ယခုတွင် call center တစ်ခု၌ ပျင်းဖို့ကောင်းသော အလုပ်တစ်ခုကို လုပ်ကိုင်ရင်း မိဘ၊ အဖွားတို့နှင့်အတူ နေထိုင်လျက်ရှိသည်။ ခဆုမိကို အိမ်ထောင်ပြုပေးဖို့ သူ့အမေက အသည်းအသန် ကြိုးပမ်းသော်လည်း သူမက တုတ်တုတ်မျှမလုပ်၊ အချစ်နှင့် အိမ်‌ထောင်ရေးကို စိတ်မဝင်စားဟု ဆိုသည်။ ကြည့်ရတာ ခဆုမိတစ်ယောက် အထီးမကျန်နေဘူးဆိုတာကို ဒီကမ္ဘာမှာ နားလည်သူ ရှိပုံမရပေ။ တစ်နေ့ ငယ်သူငယ်ချင်းတစ်ယောက်နှင့် ပြန်ဆုံမိပြီး သူလိုချင်သော ဘဝပုံစံအကြောင်း အမှန်တရားကို ရင်ဆိုင်နိုင်သွားသည်။ အချစ်နှင့်ပတ်သတ်၍ ရှေးရိုးဆွဲသော အမြင်များ၊ တန်ဖိုးများကို ဖယ်ခွာထားသော ဤရုပ်ရှင်သည် ပိုမိုလွတ်လပ်ပြီး ရှေးရိုးဆွဲအယူဝါဒများ နည်းပါးသည့် ဘဝတွင် နေထိုင်ရန် ကြိုးစားနေကြသည့် ယနေ့ခေတ် လူသားတို့အကြောင်းကို တင်ဆက်ထားသည်။

ခဆုမိသည်၂ဝ၂၁ ခုနှစ်၊ ဒါရိုက်တာ ဟမဂုချီ လျူးဆုကဲ ရိုက်ကူးခဲ့သော Drive My Car ရုပ်ရှင်တွင် ကားဆရာအဖြစ် သရုပ်ဆောင်ထားသည့် မိအုရာ တိုခို ဖြစ်ပြီး တက်သစ်စ သရုပ်ဆောင်များကို ချီးမြှင့်သည့် အကယ်ဒမီဆုကို ရရှိထားသည်။ ဂျပန် ပေါ့ပ်အဆိုတော်အဖွဲ့ AKB48 ၏ အဓိက အဆိုတော်တစ်ဦးဖြစ်ခဲ့သူ မအဲဒ အဆုခိုက ခဆုမိကို နားလည်ပေးသည့် သူငယ်ချင်းအဖြစ် ပါဝင်ထားသည်။ ရုပ်ရှင် ဒါရိုက်တာ တမဒ ရှင်းယသည် ကိုယ်ပိုင်ပြဇာတ်အဖွဲ့ တည်ထောင်ထားပြီး ရှုပ်ထွေးသော ပတ်သတ်မှုများရှိသည့် လူသားတို့၏ ထိလွယ်ရှလွယ်သော စိတ်ကို ပုံဖော်သည့် ရုပ်ရှင်များကို ကျွမ်းကျင်စွာ ဖန်တီးနိုင်သည့် ဒါရိုက်တာဖြစ်သည်။

မှတ်ချက်များ

မှတ်ချက်များ မရှိသေးပါ။

ဤဇာတ်ကားအပေါ် ပထမဆုံးမှတ်ချက်ပေးသူ ဖြစ်လိုက်ပါ။

မှတ်ချက်ပေးရန် ကျေးဇူးပြု၍ အကောင့်ထဲဝင်ပါ။

မှတ်ချက်များ

သင်၏မှတ်ချက်ကို ဝဘ်ဆိုက်ပေါ်တွင် တင်ပါမည်။ သို့သော်လည်း သင့်မှတ်ချက်သည် မသင့်လျော်ပါက သင့်မှတ်ချက်ကို ဖယ်ရှားပိုင်ခွင့် ရှိပါသည်။ သင့်မှတ်ချက်ကို မတင်ပြမီ အသုံးပြုမှုစည်းမျဉ်းများ အပိုဒ် ၅ကို ဖတ်ပါ။

ပို့စ်တင်ပြီးပါပြီ

သရုပ်ဆောင်နှင့် အဖွဲ့သားများ

  • သရုပ်ဆောင်

    MIURA Toko, MAEDA Atsuko, ITO Marika, KITAMURA Takumi

  • ဒါရိုက်တာ

    TAMADA Shinya

  • ဇာတ်ညွှန်းရေးဆရာ

    ASADA Atsushi