ကြည့်ရှုနည်း
အကောင့်ဖွင့်နည်း / အကောင့်ထဲဝင်နည်းနှင့်တကွ ရုပ်ရှင်နှင့် ဗီဒီယိုများ ကြည့်ရှုနည်းကို ကျွန်ုပ်တို့ ပြသပါမည်။
* ရုပ်ရှင်နှင့်ဗီဒီယိုများကို ဂျပန်တွင် ကြည့်ရှု၍ မရနိုင်ပါကြောင်း တောင်းပန်အပ်ပါသည်။ ဇာတ်ကားပေါ် မူတည်၍ ကြည့်ရှု၍ ရနိုင်သော နိုင်ငံ/ဒေသနှင့် မရနိုင်သော နိုင်ငံ/ဒေသ ဟူ၍လည်း ကွဲပြားနိုင်ပါသည်။ အသေးစိတ် သိရှိလိုပါက "ရုပ်ရှင်နှင့်ဗီဒီယိုများ" ဝဘ်စာမျက်နှာ သို့မဟုတ် ဇာတ်ကားတစ်ခုစီ၏ ဝဘ်စာမျက်နှာတွင် စစ်ဆေးကြည့်ရှုပါ။
၁။ အကောင့်ဖွင့်မည် / အကောင့်ထဲဝင်မည်
တိုက်ရိုက်ထုတ်လွှင့်သည်များကို ကြည့်ရှုရန်အတွက် အကောင့်ဖွင့်ရန် နှင့် အကောင့်ထဲဝင်ရန် လိုအပ်သည်။ သင့်အကောင့်ထဲ မဝင်ပါက ဇာတ်ကားပြသည့် စခရင်စနစ် အလုပ်လုပ်မည်မဟုတ်ပါ။
အကောင့်ထဲဝင်မှသာ Play ခလုတ် ပေါ်လာမည်ဖြစ်ပြီး ဇာတ်ကားများ ကြည့်ရှု၍ ရမည်ဖြစ်ပါသည်။
အကောင့်သစ်ဖွင့်ရန် အဆင့်များ
"အခမဲ့အသုံးပြုသူမှတ်ပုံတင်ခြင်း" စခရင်တွင် "အသုံးပြုသူအမည်"၊ "အီးမေးလ်လိပ်စာ"၊ "နေထိုင်သည့်နိုင်ငံ/ဒေသ"၊ "စကားဝှက်"၊ "သတင်းလွှာရရှိရေး စာရင်းသွင်းမသွင်း ရွေးချယ်မှု" နှင့် "JF ပြည်ပရုံးများမှ အကြောင်းကြားစာ ပို့ရန်လိုမလို ရွေးချယ်မှု" တို့ကို ထည့်ပါ။
ကိုယ်ရေးလွတ်လပ်ခွင့်မူဝါဒနှင့် အသုံးပြုမှုစည်းမျဉ်းများကို ဖတ်ရှုစစ်ဆေးပြီးနောက် လေးထောင့်ကွက်များတွင် အမှန်ခြစ် ခြစ်ပြီး "ယာယီမှတ်ပုံတင်ခြင်း" ခလုတ်ကို ကလစ်ပါ သို့မဟုတ် နှိပ်ပါ။
သင့်အီးမေးလ်လိပ်စာတွင် အတည်ပြုအီးမေးလ်တစ်စောင် လက်ခံရရှိပါမည်။ ထိုအီးမေးလ်ထဲမှ အထောက်အထားစိစစ်ရေး URL သို့ ၁၀ မိနစ်အတွင်း ဝင်ရောက်ပါ။
" JFF Theater တွင် သင်၏ မှတ်ပုံတင်ခြင်း ပြီးခါနီးပါပြီ။" ဟု စခရင်တွင် ပေါ်လာပါက "အကောင့်သစ်ဖွင့်မည်" ခလုတ်ကို နှိပ်ပါ။
" သင်၏မှတ်ပုံတင်ခြင်း အောင်မြင်စွာ ပြီးပါပြီ။" ဟူသော စာကြောင်းကို တွေ့ရပါမည်။
၂။ သင့်စိတ်ကြိုက် ဘာသာစကားကို စီမံမည်
လမ်းညွှန်ဘားပေါ်မှ "ကမ္ဘာလုံးပုံအိုင်ကွန် - ဘာသာစကားရွေးချယ်မှု" ခလုတ်ကို နှိပ်ပါ။ သင် ကြည့်ရှုလိုသော ဘာသာစကားကို ရွေးပါ။
၃။ ဇာတ်ကားရှာမည်
သင်ကြည့်ရှုလိုသည့် ဇာတ်ကားကို ရှာလိုပါက လမ်းညွှန်ဘားပေါ်မှ "ရှာဖွေမည်" ဟူသော လုပ်ဆောင်ချက် သို့မဟုတ် "ရုပ်ရှင်နှင့်ဗီဒီယိုများ" ကို နှိပ်ပါ။
ရှာဖွေနည်း
လမ်းညွှန်ဘားပေါ်မှ "မှန်ဘီလူးပုံအိုင်ကွန် - ရှာဖွေမည်" ကို နှိပ်ပါ။
သင် ကြည့်လိုသည့် ဇာတ်ကားအတွက် သော့ချက်စာလုံးကို ထည့်ပြီး "မှန်ဘီလူးပုံအိုင်ကွန် - ရှာဖွေမည်" ခလုတ်ကို ထပ်နှိပ်ပါ။
ရှာဖွေဖော်ပြမှုရလဒ်များအနက် သင် ကြည့်လိုသည့် ဇာတ်ကားကို နှိပ်ပါ။ သင့်အား ဇာတ်ကားတစ်ကားစီ၏ "ဗီဒီယိုအသေးစိတ်ပြ ဝဘ်စာမျက်နှာ" သို့ ခေါ်ဆောင်သွားပါမည်။ "ဗီဒီယိုအသေးစိတ်ပြ ဝဘ်စာမျက်နှာ" တွင် ဗီဒီယိုကို သင် ဖွင့်ကြည့်နိုင်ပါသည်။
"ရုပ်ရှင်နှင့်ဗီဒီယိုများ" မှ ရှာဖွေမည်
မျဉ်းသုံးကြောင်းပုံအိုင်ကွန် - မီနူးကို နှိပ်ပါ။ ထို့နောက် ဗီဒီယိုစာရင်းကို နှိပ်ပါ။
"စစ်ထုတ်မှု" ခလုတ်ကို နှိပ်ပါ။ "တိုက်ရိုက်ထုတ်လွှင့်မှုအခြေအနေ" "သော့ချက်စကားလုံး" "စာတန်းထိုး" စသည်တို့ဖြင့် ဗီဒီယိုများကို စစ်ထုတ်နိုင်ပါသည်။
ရှာဖွေဖော်ပြမှုရလဒ်များအနက် သင် ကြည့်လိုသည့် ဇာတ်ကားကို နှိပ်ပါ။ သင့်အား ဇာတ်ကားတစ်ကားစီ၏ "ဗီဒီယိုအသေးစိတ်ပြ ဝဘ်စာမျက်နှာ" သို့ ခေါ်ဆောင်သွားပါမည်။ "ဗီဒီယိုအသေးစိတ်ပြ ဝဘ်စာမျက်နှာ" တွင် ဗီဒီယိုကို သင် ဖွင့်ကြည့်နိုင်ပါသည်။
၄။ ရုပ်ရှင်နှင့်ဗီဒီယိုများကို ကြည့်ရှုမည်
သင် ကြည့်လိုသည့် ဇာတ်ကား၏ "ဗီဒီယိုအသေးစိတ်ပြ ဝဘ်စာမျက်နှာ" ကို ဖွင့်ပြီးလျှင် စတင်ကြည့်ရှုရန် "Play ခလုတ်" ကို နှိပ်ပါ။
ဆက်တင်နည်းလမ်း ၁ - အသံအတိုးအကျယ် ချိန်ခြင်းနှင့် စခရင်အပြည့် ပြခြင်း
အသံအတိုးအကျယ် ချိန်ခြင်း - ဇာတ်ကားပြစခရင်၏ ညာဘက်အောက်ခြေရှိ "အသံအတိုးအကျယ်ဘားတန်း" ကို ဘယ် သို့မဟုတ် ညာသို့ ရွှေ့ပါ။ စမတ်ဖုန်းတွင်မူ ၎င်းစမတ်ဖုန်းတွင် ပါသော အသံတိုးကျယ်ခလုတ်များကို အသုံးပြုပါ။
စခရင်အပြည့် ပြခြင်း - ဇာတ်ကားပြစခရင်၏ ညာဘက်အောက်ခြေရှိ " စခရင်အပြည့် ပြခြင်း " ခလုတ်ကို နှိပ်ပါ။ စခရင်အပြည့် မကြည့်လိုပါက "Cancel" ခလုတ်ကို နှိပ်ပါ။
ဆက်တင်နည်းလမ်း ၂ - ကြည်လင်ပြတ်သားမှု ၊ အမြန်နှုန်းနှင့် စာတန်းထိုးဘာသာစကား
ကြည်လင်ပြတ်သားမှု ရွေးချယ်ရန် - ဇာတ်ကားပြစခရင်၏ ညာဘက်အောက်ခြေရှိ "︙" ခလုတ်ကို နှိပ်ပါ။ "Resolution" ခလုတ်ကိုနှိပ်ပြီး လိုချင်သော ကြည်လင်ပြတ်သားမှုကို ရွေးချယ်ပါ။
အမြန်နှုန်းကို ရွေးရန် - ဇာတ်ကားပြစခရင်၏ ညာဘက်အောက်ခြေရှိ "︙" ခလုတ်ကို နှိပ်ပါ။ "Playback Speed" ခလုတ်ကိုနှိပ်ပြီး လိုချင်သော အမြန်နှုန်းကို ရွေးချယ်ပါ။
စာတန်းထိုးဘာသာစကားကို ရွေးရန် - ဇာတ်ကားပြစခရင်၏ ညာဘက်အောက်ခြေရှိ "︙" ခလုတ်ကို နှိပ်ပါ။ "Subtitles" မီနူးကို နှိပ်ပြီး လိုချင်သော စာတန်းထိုးဘာသာစကားကို ရွေးချယ်ပါ။
၅။ YouTube ဗီဒီယိုများကို ကြည့်ရှုခြင်းအကြောင်း
JFF Theater တွင် YouTube ဗီဒီယိုများကိုလည်း ကြည့်ရှုနိုင်ပါသည်။ YouTube ဗီဒီယိုများကို YouTube play သင်္ကေတဖြင့် အမှတ်အသား ပြထားပါသည်။
၆။ ထုတ်လွှင့်ပြသမှုကာလ
ဇာတ်ကားတစ်ကားစီတွင် "ထုတ်လွှင့်ပြသမှုကာလ" ကို သတ်မှတ်ထားပါသည်။ ထုတ်လွှင့်ပြသမှုကာလကို ဂျပန်နိုင်ငံစံတော်ချိန်ပေါ် အခြေခံပြီး ဇာတ်ကားတစ်ကားစီ၏ "ဗီဒီယိုအသေးစိတ်ပြ ဝဘ်စာမျက်နှာ" တွင် ပြသထားသည်။
ကြည့်နေဆဲဇာတ်ကား ဖြစ်စေကာမူ ထုတ်လွှင့်ပြသမှုကာလ ကျော်လွန်သွားပါက ကြည့်၍ ရတော့မည်မဟုတ်ပါ။
၇။ ဇာတ်ကားနှင့်ပတ်သက်၍ မှတ်ချက်ပေးမည်
ရုပ်ရှင် ကြည့်ပြီးလျှင် ကျေးဇူးပြု၍ မှတ်ချက်ပေးခဲ့ပါ။
မှတ်ချက်ပေးရန် သင်သည် အကောင့်ထဲ ဝင်ရပါမည်။ သင် တင်ထားသော မှတ်ချက်များကို The Japan Foundation မှ စစ်ဆေးပြီးနောက် ဖော်ပြပါမည်။ သင့်မှတ်ချက် ပေါ်လာရန် ရက်အနည်းငယ် ကြာနိုင်ပါသည်။ မှတ်ချက်တစ်ခုကို မတင်မီ အသုံးပြုမှုစည်းမျဉ်းများ အပိုဒ် ၅ ကို ဖတ်ပါ။
သင်၏ အဖွဲ့ဝင်ဖြစ်ခြင်းကို ပယ်ဖျက်လိုက်လျှင်ပင် သင့်အကောင့်ဟောင်းဖြင့် ပေးထားသော မှတ်ချက်များသည် "unknown-user" ဟု အမည်ဝှက်ဖြင့် ပြောင်းလဲ၍ ဝဘ်ဆိုက်ပေါ်တွင် ဆက်လက် တည်ရှိနေပါမည်။
"ဗီဒီယိုအသေးစိတ်ပြ ဝဘ်စာမျက်နှာ" ရှိ "ဇာတ်ကားအကြောင်း အကျဉ်းချုပ်" တက်ဘ်ကို နှိပ်ပါ။
ဝဘ်စာမျက်နှာ အောက်ခြေရှိ "မှတ်ချက်များ" ကဏ္ဍသို့ သွားပြီး သင့်မှတ်ချက်ကို စာသားအကွက်တွင် ရေးပါ။
"သင့်မှတ်ချက်ကို တင်ပြရန် အဆင်ပြေပါသလား။" ဟူသော အကွက်ကို အမှန်ခြစ်ပြီးလျှင် "တင်ပြမည်" ခလုတ်ကို နှိပ်ပါ။
The Japan Foundation မှ စစ်ဆေးသုံးသပ်ပြီးသည်နှင့် သင့်မှတ်ချက်ကို ဝဘ်ဆိုက်ပေါ်တွင် တင်ပေးပါမည်။
မေးလေ့ရှိသည်များ
"ဗီဒီယိုကြည့်၍ မရပါ" သို့မဟုတ် "ဗီဒီယို ချောမွေ့စွာ မပြပေးပါ " ကဲ့သို့ စနစ်ဆိုင်ရာ အခြားပြဿနာများအတွက် "မေးလေ့ရှိသည်များ" တွင် ဖတ်ကြည့်ပါ။