JFF Theater

မေးလေ့ရှိသည်များ

၁။ ကြည့်ရှုနည်း

ရုပ်ရှင်နှင့် ဗီဒီယိုများကို မည်သို့ ကြည့်ရမည်နည်း။

ဤဝဘ်ဆိုက်တွင် (YouTube ဗီဒီယိုများ ကြည့်ခြင်းမှ လွဲ၍) ရုပ်ရှင်နှင့်ဗီဒီယိုများကို ကြည့်ရှုရန် အကောင့်တစ်ခု ဖွင့်ပြီး အကောင့်ထဲဝင်ရန် လိုအပ်ပါသည်။
・အကောင့်ဖွင့်နည်းအသေးစိတ်အတွက် "၁။ အကောင့်ဖွင့်ခြင်း / အကောင့်ထဲဝင်ခြင်း" ကို "ကြည့်ရှုနည်း" ဝဘ်စာမျက်နှာတွင် ဖတ်ရှုပါ။

*ဂျပန်ရုပ်ရှင်ပွဲတော် အွန်လိုင်းအကောင့် သို့မဟုတ် JFF+ INDEPENDENT CINEMA အကောင့်ကို ယခင်က ဖွင့်ထားလျှင်ပင် သင်သည် အကောင့်တစ်ခု ဖွင့်ရပါမည်။

ဗီဒီယိုများ ကြည့်ရှု၍ ရရှိနိုင်သည့် နိုင်ငံ/ဒေသများကို မည်သည့်နေရာတွင် ရှာတွေ့နိုင်မည်နည်း။

အကောင့်တစ်ခု ဖွင့်ပြီး အကောင့်ထဲ ဝင်ပြီးနောက် သင့်နိုင်ငံ သို့မဟုတ် ဒေသတွင် ကြည့်ရှုနိုင်သော ရုပ်ရှင်နှင့် ဗီဒီယိုများကို "ယခု ကြည့်ရှုနိုင်ပါသည်။" ဟု အမှတ်အသား ပြထားပါမည်။

ထုတ်လွှင့်မှုကို လူအများကို ပြန်ပြ၍ ရပါသလား။

တိုက်ရိုက်ထုတ်လွှင့်သည့် ရုပ်ရှင်နှင့်ဗီဒီယိုများကို တစ်ကိုယ်ရည် ကြည့်ရှုခြင်းမှလွဲ၍ အခြားမည်သည့် ရည်ရွယ်ချက်အတွက်မျှ အသုံးပြုခွင့် မရှိပါ။ ဝဘ်ဆိုက်မှ (အသံ၊ ရုပ်ပုံ၊ ဗီဒီယို စသည်ဖြင့်) အကြောင်းအရာအားလုံးကို မူပိုင်ခွင့်ဖြင့် ကာကွယ်ထားပါသည်။

၂။ စနစ်ပတ်ဝန်းကျင်

ဇာတ်ကားကြည့်မည့် ဖုန်း သို့မဟုတ် ကွန်ပျူတာကို မော်နီတာတစ်ခုနှင့် ချိတ်ဆက်ပြီးနောက်တွင်ပင် စခရင်သည် မှောင်နေလျှင် သို့မဟုတ် အသံ မထွက်လျှင်

ဤဝဘ်ဆိုက်ကို ကြည့်ရှုရာတွင် သင်အသုံးပြုသည့် ဖုန်း သို့မဟုတ် ကွန်ပျူတာဖြင့်သာ ကြည့်ရှုရန် အကြံပြုအပ်ပါသည်။

၃။ အသုံးဝင်သော အထူးတင်ဆက်မှုများ

JF ပြည်ပရုံးမှ အကြောင်းကြားစာတွင် မည်သည်တို့ ပါဝင်မည်နည်း။

ကမ္ဘာတစ်ဝှမ်းရှိ The Japan Foundation ရုံးများမှ ရုပ်ရှင်ပွဲတော်များ၊ ပွဲလမ်းအခမ်းအနားများ၊ အလုပ်ရုံဆွေးနွေးပွဲများ စသည်တို့ အပါအဝင် သတင်းအချက်အလက်များကို အကြောင်းကြားပါမည်။ ရုံးသုံးရုံးအထိ သင် ရွေးချယ်နိုင်ပါသည်။

သတင်းလွှာ ဆိုသည်မှာ မည်သည်နည်း။

ဂျပန်ရုပ်ရှင်များနှင့် တီဗီဒရာမာများကဲ့သို့သော ဗီဒီယိုအကြောင်းအရာများအပါအဝင် ဤဝဘ်ဆိုက်တွင် အသစ်တင်သော ရုပ်ရှင်ဗီဒီယိုစာရင်းနှင့် အခြားအချက်အလက်များကို သင် ရရှိပါမည်။ ကျေးဇူးပြု၍ ကျွန်ုပ်တို့ထံ မှတ်ပုံတင်ပါ။

၄။ အကောင့်ဖွင့်ခြင်း၏ အကျိုးကျေးဇူးများ

မှတ်ပုံတင်ထားသည့် အသုံးပြုသူ ဖြစ်ခြင်း၏ အကျိုးကျေးဇူးများမှာ မည်သည်နည်း။

သင်လုပ်နိုင်သည်များမှာ -
· ရုပ်ရှင်နှင့်ဗီဒီယိုများ ကြည့်ခြင်း (Youtube ဗီဒီယိုများကို မှတ်ပုံတင်စရာမလိုဘဲ ကြည့်ရှုနိုင်သည်)
· ဇာတ်ကားများတွင် မှတ်ချက်များ ပို့စ်တင်ခြင်း
· မိမိဝဘ်စာမျက်နှာတွင် အသုံးပြုသူအချက်အလက်ကို ပြင်ခြင်း
· မိမိအကြိုက်စာရင်းတွင် ထပ်တိုးခြင်း / ဖျက်ခြင်း
・JF ပြည်ပရုံးများမှ သတင်းများကို ရယူခြင်း / ရယူခြင်းမှ ရပ်ဆိုင်းခြင်း။

မှတ်ချက်တစ်ခုကို မိမိမှ ဖျက်နိုင်ပါသလား။

မှတ်ချက်များကို ဖျက်ပစ်၍ မရပါ။ မှတ်ချက်တစ်ခုကို ဖျက်လိုပါက "ကျွန်ုပ်တို့ကို ဆက်သွယ်ရန်" ဝဘ်စာမျက်နှာမှတစ်ဆင့် ကျွန်ုပ်တို့ထံ ဆက်သွယ်ပြီး အောက်ပါအချက်အလက်များကို ပေးပါ -

・ဇာတ်ကား
・အသုံးပြုသူအမည်
・မှတ်ချက်တင်သည့်ရက်စွဲ
・သက်ဆိုင်ရာမှတ်ချက်

*မူအရ ကျွန်ုပ်တို့သည် မှတ်ချက်တင်သွင်းသူထံမှ ဖျက်ပစ်ရန် တောင်းဆိုမှုများကိုသာ လက်ခံပါသည်။ အကယ်၍ သင်သည် အထက်ဖော်ပြပါ အချက်အလက်များကို ကျွန်ုပ်တို့ထံ ပေးပို့ထားလျှင်ပင် ထိုသို့ တောင်းဆိုမှုသည် မှတ်ချက်တင်သွင်းသူထံမှ ဖြစ်ကြောင်း အတည်မပြုနိုင်ပါက ကျွန်ုပ်တို့သည် မှတ်ချက်ကို ဖျက်နိုင်မည်မဟုတ်ကြောင်း သတိပြုပါ။

ကျွန်ုပ်သည် မိမိ၏ အသုံးပြုသူအချက်အလက်ကို ပြင်လိုပါသည်။

"မိမိအကောင့် / ကိုယ်ရေးအချက်အလက်အသေးစိတ်" ဝဘ်စာမျက်နှာသို့ သွားကာ အောက်ပါအဆင့်များအတိုင်း ပြုလုပ်ခြင်းဖြင့် သုံးစွဲသူအချက်အလက်ကို ပြင်နိုင်ပါသည်။

သင်၏ ကိုယ်ရေးအချက်အလက်အသေးစိတ်ကို ပြုပြင်ခြင်း

  1. လမ်းညွှန်ဘားပေါ်မှ "မိမိအကောင့်" အိုင်ကွန်ပေါ် ပွိုင်တာ ရွှေ့ခြင်း သို့မဟုတ် နှိပ်ခြင်း ပြုလုပ်ပြီးနောက် "ကိုယ်ရေးအချက်အလက်အသေးစိတ်" ကို နှိပ်၍ "မိမိအကောင့်/ ကိုယ်ရေးအချက်အလက်အသေးစိတ်" ထဲ ဝင်ရောက်ပါ။
  2. သင်၏ အသေးစိတ်အချက်အလက်များကို ပြောင်းပါ။
  3. "ပြင်မည်" ခလုတ်ကို နှိပ်ပါ။

* သင့်စကားဝှက်ကို ပြောင်းလဲလိုပါက "စကားဝှက် ပြန်ထုတ်ယူခြင်း" ဝဘ်စာမျက်နှာသို့ သွား၍ ပြောင်းလဲပါ။
*မှတ်ပုံတင်ထားသော အီးမေးလ်လိပ်စာကိုမူ ပြောင်းလဲ၍ မရပါ။ သင့်အီးမေးလ်လိပ်စာကို ပြောင်းလဲလိုပါက အခမဲ့အသုံးပြုသူအသစ်အဖြစ် မှတ်ပုံတင်ပြီး အခြားအကောင့်တစ်ခုကို ဖွင့်ပါ။
* သင့်အကောင့်မှ ထွက်ထားလျှင် ထပ်မံဝင်ရောက်၍ ပြောင်းကြည့်ပါ။

JF ပြည်ပရုံးများမှ အကြောင်းကြားစာများ ရရှိခြင်းကို ရပ်ဆိုင်းလိုပါသည်။

"မိမိအကောင့်/ ကိုယ်ရေးအချက်အလက်အသေးစိတ်" သို့ သွား၍ ၎င်းစာများကို ရရှိရန် သို့မဟုတ် ရပ်ဆိုင်းရန် သင့်ဆက်တင်များကို အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။

* ပေးပို့မှုဆက်တင်ကို "မရရှိလိုပါ" ဟု ပြောင်းလဲပြီးလျှင်ပင် သတင်းများသည် တစ်ပတ်ခန့် ရရှိနိုင်သေးကြောင်း သတိပြုပါ။
*အထက်ပါအဆင့်များအတိုင်း ပြုလုပ်ပြီးနောက်တွင်ပင် သင်သည် သတင်းများကို လက်ခံရရှိဆဲဖြစ်ပါက "ကျွန်ုပ်တို့ကို ဆက်သွယ်ရန်" မှတဆင့် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

၅။ အခြား

ကျွန်ုပ်သည် အကောင့်ထဲ ဝင်မရပါ။

သင့်အကောင့်ထဲ ဝင်၍ မရပါက အောက်ပါဖြစ်ရပ်များနှင့် ဖြေရှင်းချက်များအတိုင်း ပြုလုပ်နိုင်ပါသည်။

အီးမေးလ်လိပ်စာ သို့မဟုတ် စကားဝှက်သည် မမှန်ကန်ပါ
・စာလုံးများ ရိုက်ထည့်ရာတွင် Space တစ်ခု အပိုပါနေသည်
・စာလုံးကြီးနှင့် စာလုံးသေးများသည် မမှန်ကန်ပါ

စကားဝှက် မေ့နေသည်
"၂။ စနစ်ပတ်ဝန်းကျင်" တွင် သင့်စကားဝှက် ပြန်လည်သတ်မှတ်နည်း အတွက် အသေးစိတ်အချက်အလက်များကို ကြည့်ရှုပါ။

အီးမေးလ်လိပ်စာ မေ့နေသည်
"၅။ အခြား" တွင် သင့်အီးမေးလ်လိပ်စာ စစ်ဆေးနည်းအတွက် အသေးစိတ်အချက်အလက်များကို ကြည့်ရှုပါ။

ကျွန်ုပ်သည် အီးမေးလ်လိပ်စာ မသိတော့ပါ။

အောက်ပါအဆင့်များအတိုင်း ပြုလုပ်၍ သင့် JFF Theatre အကောင့်တွင် မှတ်ပုံတင်ထားသော အီးမေးလ်လိပ်စာကို စစ်ဆေးနိုင်ပါသည်။

သင့်အကောင့်ထဲ ဝင်ထားလျှင်
၁။ လမ်းညွှန်ဘားထဲမှ "မိမိအကောင့်" အိုင်ကွန်ပေါ် ပွိုင်တာ ရွှေ့ခြင်း သို့မဟုတ် နှိပ်ခြင်း ပြုလုပ်ပြီးနောက် "ကိုယ်ရေးအချက်အလက်အသေးစိတ်" ကို နှိပ်၍ "မိမိအကောင့် / ကိုယ်ရေးအချက်အလက်အသေးစိတ်" ထဲ ဝင်ရောက်ပါ။
၂။ "အီးမေးလ်လိပ်စာ" နေရာတွင် ဖော်ပြထားသော အီးမေးလ်လိပ်စာကို စစ်ဆေးပါ။

သင်သည် အကောင့်ထဲမှ ထွက်ထားလျှင်
JFF Theater တွင် သင့်အကောင့်အတွက် မှတ်ပုံတင်ခဲ့စဉ်က အောက်ပါလိပ်စာမှ အီးမေးလ်တစ်စောင်ကို သင် လက်ခံရရှိထားပါမည်။ ထိုသို့သော အီးမေးလ်ကို လက်ခံရရှိခြင်း ရှိမရှိ သိနိုင်ရန် သင်၏ ကွန်ပျူတာ သို့မဟုတ် စမတ်ဖုန်းရှိ သင့်အီးမေးလ်အဝင်စာပုံး (Inbox) တွင် ကြည့်ရှုပါ။

JFF Theater စီမံခန့်ခွဲမှုအဖွဲ့၏ အီးမေးလ်လိပ်စာ - noreply@jff.jpf.go.jp

ယာယီမှတ်ပုံတင်မှု ပြီးဆုံးကြောင်းအီးမေးလ်ကို ကျွန်ုပ် မရသေးပါ။

အကယ်၍ သင်သည် "အခမဲ့အသုံးပြုသူမှတ်ပုံတင်ခြင်း" စခရင်တွင် ယာယီမှတ်ပုံတင်ခြင်း ပြုလုပ်ပြီးစီးခဲ့သော်လည်း "ယာယီမှတ်ပုံတင်မှု ပြီးဆုံးကြောင်းအီးမေးလ်" ကို မရရှိသေးပါက အောက်ပါတို့ကို စစ်ဆေးပါ။

သင့်အီးမေးလ်၏ Spam စာပုံးတွင် ကြည့်ခြင်း
JFF Theatre စီမံခန့်ခွဲမှုအဖွဲ့မှ အီးမေးလ်များသည် သင်၏ Spam စာပုံးထဲ ရောက်သွားတတ်၍ ထိုစာပုံးထဲတွင် ကြည့်ရှုပါ။

သင်၏ အီးမေးလ်လက်ခံရရှိမှုဆိုင်ရာ ဆက်တင်များကို စစ်ဆေးခြင်း
・အီးမေးလ်လက်ခံရရှိမှုဆိုင်ရာ ဆက်တင်များကို သင့်ကွန်ပျူတာ/ဖုန်းတွင် စစ်ဆေးပါ။
・သင့်အီးမေးလ်လိပ်စာတွင် အီးမေးလ် လက်ခံရရှိရန် သတ်မှတ်ထားပြီးဖြစ်မဖြစ် ကြည့်ရှုစစ်ဆေးပါ။
・သင့်အီးမေးလ်လိပ်စာသည် မိုဘိုင်းဖုန်းကုမ္ပဏီမှ ချပေးသော အီးမေးလ်ဖြစ်ပါက ကွန်ပျူတာမှ အီးမေးလ်လိပ်စာများကို လက်မခံရန် သို့မဟုတ် သတ်မှတ်ထားသော အီးမေးလ်များကိုသာ လက်ခံရရှိရန် ပြုလုပ်ထားသော အခြားဆက်တင်များ ပါရှိတတ်သည်။
· ထို့အပြင် Anti-Spoofing level ကို High သတ်မှတ်ထားပါက အချို့သော မက်ဆေ့ချ်များကို လက်ခံရရှိနိုင်မည် မဟုတ်ပါ။ မက်ဆေ့ချ်များ လက်ခံရရှိခြင်း ရှိမရှိ သိနိုင်ရန် Anti-Spoofing level ကို လျှော့ချကြည့်ပါ။

စကားဝှက် မေ့သွားလျှင် မည်သို့ လုပ်ရမည်နည်း။

သင်သည် သင့်စကားဝှက်ကို ပြန်လည်ထုတ်ယူနိုင်ပါသည်။ "စကားဝှက် ပြန်ထုတ်ယူခြင်း" ဝဘ်စာမျက်နှာသို့ သွားပြီး အကောင့်သစ် ဖွင့်ခဲ့စဉ်က အသုံးပြုခဲ့သည့် အီးမေးလ်လိပ်စာကို ထည့်ကာ "ပြန်ထုတ်ယူမည်" ခလုတ်ကို နှိပ်ပါ။ သင့်စကားဝှက်ကို ပြန်သတ်မှတ်ရန်အတွက် အီးမေးလ်တစ်စောင် သင့်ထံ ပေးပို့မည်ဖြစ်၍ ထိုအီးမေးလ်ထဲမှ အထောက်အထားစိစစ်ရေး URL ကို နှိပ်ပြီးလျှင် သင့်စကားဝှက်အသစ်ကို ထည့်ပြီး အပြီးသတ်အနေဖြင့် "ပြန်ထုတ်ယူမည်" ခလုတ်ကို ကလစ်ပါ/နှိပ်ပါ။

* အထောက်အထားစိစစ်ရေး URL သည် 10 မိနစ်အတွင်းသာ နှိပ်၍ရမည်ဖြစ်ကြောင်း သတိပြုပါ။ 10 မိနစ် ကျော်သွားပါက စကားဝှက် ပြန်ထုတ်ယူခြင်းဝဘ်စာမျက်နှာမှ ထပ်မံ ဝင်ရောက်ပါ။

သတင်းလွှာ လက်ခံရရှိရန် စာရင်းသွင်းထားမှုကို ရပ်ဆိုင်းလိုပါသည်။

သင်သည် သတင်းလွှာ လက်ခံရရှိရန် စာရင်းသွင်းထားမှုကို အောက်ပါအတိုင်း ပယ်ဖျက်နိုင်သည် -

သတင်းလွှာ လက်ခံရရှိရန် စာရင်းသွင်းထားမှုကို ပယ်ဖျက်ခြင်း

  1. လမ်းညွှန်ဘားပေါ်မှ "မိမိအကောင့်" အိုင်ကွန်ပေါ် ပွိုင်တာ ရွှေ့ခြင်း သို့မဟုတ် နှိပ်ခြင်း ပြုလုပ်ပြီးနောက် "ကိုယ်ရေးအချက်အလက်အသေးစိတ်" ကို နှိပ်၍ "မိမိအကောင့်/ ကိုယ်ရေးအချက်အလက်အသေးစိတ်" ထဲ ဝင်ရောက်ပါ။
  2. သတင်းလွှာစာရင်းသွင်းမှုကဏ္ဍရှိ "စာရင်းမသွင်းပါ" ခလုတ်ကို နှိပ်ပါ။
  3. "ပြင်မည်" ခလုတ်ကို နှိပ်ပါ။

*အကောင့်မဖွင့်ဘဲ သတင်းလွှာ လက်ခံရရှိရန် စာရင်းသွင်းထားပြီး ထိုသို့ ရရှိခြင်းကို ရပ်ဆိုင်းလိုပါက သင်ရရှိသော သတင်းလွှာမှတဆင့် စာရင်းသွင်းမှုကို ပယ်ဖျက်ပါ။
*အထက်ပါအဆင့်များအတိုင်း လုပ်ဆောင်ပြီးလျှင်ပင် သတင်းလွှာအီးမေးလ်ကို ရရှိနေသေးပါက "ကျွန်ုပ်တို့ကို ဆက်သွယ်ရန်" မှတစ်ဆင့် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

ကျွန်ုပ်၏ အဖွဲ့ဝင်ဖြစ်ခြင်းကို ပယ်ဖျက်လိုပါသည်။

သင့်အကောင့်ကို ဖျက်လိုပါက အောက်ပါအဆင့်များအတိုင်း ပြုလုပ်ပါ။

သင့်အကောင့်ကို ဖျက်သည့်အခါ သတိပြုပါ။
* သင်၏ "မိမိအကြိုက်စာရင်း" သည် အသစ် ပြန်ဖြစ်သွားပါမည်။
* အကောင့်ထဲဝင်မှ ကြည့်နိုင်သည့် ရုပ်ရှင်နှင့်ဗီဒီယိုများကို ကြည့်ရှုနိုင်တော့မည်မဟုတ်ပါ။

သင့်အကောင့်ဖျက်ခြင်းလုပ်ငန်းစဉ်

  1. လမ်းညွှန်ဘားပေါ်ရှိ အကောင့်သစ်ဖွင့်ခြင်း / အကောင့်ထဲဝင်ခြင်း အိုင်ကွန်ကို နှိပ်ပါ။
  2. အကောင့်ထဲဝင်ရန် သင့်အီးမေးလ်လိပ်စာနှင့် စကားဝှက်ကို ထည့်ပါ။
  3. လမ်းညွှန်ဘားပေါ်မှ "မိမိအကောင့်" အိုင်ကွန်ပေါ် ပွိုင်တာ ရွှေ့ခြင်း သို့မဟုတ် နှိပ်ခြင်း ပြုလုပ်ပြီးနောက် "ကိုယ်ရေးအချက်အလက်အသေးစိတ်" ကို နှိပ်၍ "မိမိအကောင့်/ ကိုယ်ရေးအချက်အလက်အသေးစိတ်" ထဲ ဝင်ရောက်ပါ။
  4. ဝဘ်စာမျက်နှာအောက်ခြေရှိ "အကောင့်ဖျက်မည်" ကို နှိပ်ပါ။
  5. အကောင့်ဖျက်ရသည့် အသင့်လျော်ဆုံး အကြောင်းရင်းကို ရွေးချယ်ပြီး "အကောင့်ဖျက်မည်" ခလုတ်ကို နှိပ်ပါ။
  6. သင့်စခရင်ပေါ်တွင် "အကောင့်ဖျက်ပြီးပါပြီ" ဟု မက်ဆေ့ချ် ပေါ်လာသည်နှင့် သင့်အကောင့်ဖျက်ခြင်း ပြီးပါပြီ။

*သင်၏ အဖွဲ့ဝင်ဖြစ်ခြင်းကို ပယ်ဖျက်လိုက်လျှင်ပင် သင်၏ ယခင်အကောင့်ဖြင့် ပေးထားသော မှတ်ချက်အားလုံးမှ အသုံးပြုသူအမည်သည် "unknown-user" အဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး ထိုမှတ်ချက်များသည် ဝဘ်ဆိုက်ပေါ်တွင် ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း သတိပြုပါ။