JFF Theater

ဤဝဘ်ဆိုက်အကြောင်း

JFF Theater မှ ကြိုဆိုပါသည်။

The Japan Foundation မှ ကမ္ဘာတစ်ဝှမ်းတွင် ဂျပန်ရုပ်ရှင်များနှင့်ဗီဒီယိုများ ပိုမိုတွင်ကျယ်လာစေရန် JFF Theatre အမည်ဖြင့် အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မှုပလပ်ဖောင်းကို အသစ်ဖွင့်လှစ်လိုက်ပြီဖြစ်ပါသည်။

"Moved, Touched & Inspired (စိတ်လှုပ်ရှားဖွယ်ရာများ မြှင့်တင်ကြပါစို့။)" ဟူသော ဆောင်ပုဒ်ကို အခြေခံ၍ ကျွန်ုပ်တို့သည် နိုင်ငံတကာပရိသတ်များထံ ရောက်ရှိရန်အတွက် ချိတ်ဆက်မှုများကို တိုးမြှင့်ရန်နှင့် ဂျပန်ရုပ်ရှင်ချစ်ပရိတ်သတ် အသစ်ရော အဟောင်းများပါ ကူးလူးဆက်ဆံမှု တိုးပွားလာစေရန် ရည်ရွယ်ပါသည်။

JFF Theater ဆိုသည်မှာ မည်သည်နည်း။

JFF Theatre သည် စာတန်းထိုးဘာသာစကားမျိုးစုံဖြင့် ဂျပန်ရုပ်ရှင်များနှင့်ဗီဒီယိုများကို ကမ္ဘာတစ်ဝှမ်း အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ရေး အခမဲ့ဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။

ဤဝဘ်ဆိုက်မှတဆင့် The Japan Foundation သည် ဂျပန်ရုပ်ရှင်များနှင့်ဗီဒီယိုများကို အချိန်မရွေး နေရာမရွေး ကြည့်ရှုနိုင်သည့် ပလက်ဖောင်းတစ်ခု ဖန်တီးရန် ရည်ရွယ်ပါသည်။

အဆင်သင့်ဖြစ်ပြီလား?
ဂျပန်ရဲ့ အမြင်ယဉ်ကျေးမှုရဲ့ လက်ရှိအခြေအနေကို လိုက်ကြည့်ရအောင်။

* တိုက်ရိုက်ထုတ်လွှင့်သည့် ရုပ်ရှင်နှင့်ဗီဒီယိုများကို ကြည့်ရှုရန်အတွက် အကောင့်တစ်ခု ဖွင့်ရန် လိုအပ်ပါသည်။

ကမ္ဘာတစ်ဝှမ်း ရုံသွင်းပြသမည့် ဂျပန်ရုပ်ရှင်ပွဲတော်များ -
JAPANESE FILM FESTIVAL(JFF)

ဂျပန်ရုပ်ရှင်ပွဲတော် (JFF) ဆိုသည်မှာ ဤဝဘ်ဆိုက်၏ မူလတည်ထောင်သူ The Japan Foundation မှ ဂျပန်ရုပ်ရှင်များကို တစ်ကမ္ဘာလုံးတွင် တိုးတက်အောင်မြင်စေရန် စီစဉ်ကျင်းပသည့် ရုံသွင်းပြသမှုလုပ်ငန်းတစ်ခု ဖြစ်သည်။ ထိုအစီအစဉ်ကို "Japanese Film Anytime, Anywhere (ဂျပန်ရုပ်ရှင် နေရာအနှံ့ လွှမ်းမိုးရမည်)" ဟူသော ဆောင်ပုဒ်ဖြင့် ၂၀၁၆ ခုနှစ်တွင် အာဆီယံ ၁၀ နိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့ကို ဦးတည်၍ စတင်ခဲ့သည်။
ထိုအချိန်မှစ၍ JFF သည် တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် ဘရာဇီးကဲ့သို့သော နိုင်ငံများသို့ ဖြန့်ကျက် ရောက်ရှိသွားကာ အသစ်ထွက်ရှိသော ဂျပန်ရုပ်ရှင်များကိုပါ ပြသခဲ့သည်။

JFF Theater နှင့် ဂျပန်ရုပ်ရှင်ပွဲတော် (JFF) သည် ကျွန်ုပ်တို့၏ အန္တိမရည်မှန်းချက် ဖြစ်သော ဂျပန်ရုပ်ရှင်ရုံများ၏ ထူးခြားကောင်းမွန်မှုကို သင်နှင့်အတူ ဝေမျှခံစားရန် ကြိုးပမ်းရာတွင် အပြန်အလှန် အားဖြည့်သွားမည်ဖြစ်ပါသည်။

ဝဘ်ဆိုက်စီမံခန့်ခွဲရေး - The Japan Foundation

ယဉ်ကျေးမှု၊ ဘာသာစကားနှင့် စကားဝိုင်းများမှတစ်ဆင့် JF သည် ဂျပန်နှင့် အခြားနိုင်ငံ/ဒေသများကြား ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုနှင့် အပြန်အလှန်နားလည်မှု တိုးပွားလာစေရန်အတွက် အခွင့်အလမ်းများကို ဖန်တီးလျက် ရှိပါသည်။

JF သည် တိုကျိုရုံးချုပ်အပြင် နိုင်ငံပေါင်း ၂၅ နိုင်ငံတွင် ရုံးခွဲ ၂၆ ခုနှင့်အလားတူ ကျိုတိုရုံးနှင့် တွဲဖက်အဖွဲ့အစည်း နှစ်ခုဖြစ်သော (The Japan Foundation Japanese-Language Institute, Urawa နှင့် The Japan Foundation Japanese-Language Institute, Kansai) တို့ကို ဂျပန်နိုင်ငံတွင် ဖွင့်လှစ်ထားပါသည်။

ပိုမိုသိရှိလိုပါက

အဆင်သင့် ဖြစ်ပါပြီလား။
ဤသို့ဆိုလျှင် ဂျပန်ရုပ်ရှင်နှင့်ဗီဒီယိုယဉ်ကျေးမှုကမ္ဘာထဲကို ဝင်လိုက်ကြပါစို့။

* တိုက်ရိုက်ထုတ်လွှင့်သည့် ရုပ်ရှင်နှင့်ဗီဒီယိုများကို ကြည့်ရှုရန်အတွက် အကောင့်တစ်ခု ဖွင့်ရန် လိုအပ်ပါသည်။